
LG ရဲ့အသွင်သဏ္ဍန်လေးတွေကို ကိုယ့်ဖုန်းထဲမှာလဲ မြင်ချင်တယ်ဆိုရင်တော့ Launcher နဲ့ Theme ရှိရုံနဲ့ မြင်နိုင်ပါပြီ။
LG ရဲ့ Icon ဒီဇိုင်းတွေ၊ 3 HD Wallpaper ဒီဇိုင်းတွေ၊ တခြား themes တွေကိုလည်း support လုပ်ပေးနိုင်တဲ့အပြင် Launcher တော်တော်များများနဲ့လည်း ကိုက်ညီမှု ရှိတာကိုတွေ့ရမှာပါ။ ဒီ themes လေးနဲ့ ကိုက်ညီမှုရှိတဲ့ Luancher တွေကတော့ Nova Launcher, Holo Launcher, Holo HD Launcher တွေနဲ့ ကိုက်ညီမှုရှိတာကိုတွေ့ရပါတယ်။
Launcher များတွင် အသုံးပြုပုံ
=================
အရင်ဆုံး Themes ကို ဖုန်းထဲကို install လုပ်ထားပါ။ Launcher အသီးသီးမှာ install လုပ်ပုံကို အောက်မှာလေ့လာနိုင်ပါတယ်။
Apex Launcher : Apex Setting သို့သွားပါ > ပြီးရင် Theme settings ထဲကိုသွားပြီး ကိုယ်အသုံးပြုလိုတဲ့ LG G2 Theme ကိုရွေးပေးလိုက်ပါ။
Holo Launcher : Launcher Settings သို့သွားပါ > Appearance Settings ကိုသွားပါ > Icon Pack ကိုနှိပ်ပါ > Select Theme ကိုနှိပ်ပြီး ကိုယ်အသုံးပြုလိုတဲ့ LG G2 Theme ကိုရွေးပေးလိုက်ပါ။
Nova Launcher : Nova Settings သို့သွားပါ > Look and feel ထဲသို့သွားပါ > Icon Theme ကိုသွားပြီးရင် ကိုယ်အသုံးပြုလိုတဲ့ LG G2 Theme ကိုရွေးပေးလိုက်ပါ။
ADW Launcher : Home screen ကိုသွားပါ > ပြီးရင် MENU Key ကိုနှိပ်လိုက်ပါ > ပြီးရင် More ကိုသွားပါ > ADW settings ကိုတွေ့ပါလိမ့်မယ် ။ အဲ့ဒီထဲကို ၀င်လိုက်ပါ။ > ပြီးရင် Themes Preferences ကိုနှိပ်လိုက်ပါ > ပြီးရင် select Theme ထဲက ကိုယ်အသုံးပြုလိုတဲ့ LG G2 Theme ကိုရွေးပေးလိုက်ပါ။



အောက်က link တွေကနေ download လုပ်နိုင်ပါတယ်။
အားလုံးအဆင်ပြေကြပါစေ....
Aung Ko Htet
0 comments:
Post a Comment
Download link ကိုနှိပ်ပြီး နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ