Friday, October 4, 2013

ကိုယ့်ဖုန်းမှာ Galaxy Note 3 style လေးသုံးချင်သူများအတွက် Galaxy Note 3 Theme v1.0 Apk (Theme)


Model မြှင့်ဖုန်းတွေများလာတာနဲ့အမျှ Themes တွေ Launcher တွေရဲ့ ပုံစံတွေကလည်း အမျိုးမျိုးပြောင်းလဲလာတာကိုတွေ့ရပါတယ်။ အဲ့လိုတွေထွက်လာတော့ ထွက်ရှိလာသမျှ version တိုင်းကို end user တွေအနေနဲ့ လိုက်ပြီး ၀ယ်ယူနေလို့ကလည်း သိပ်အဆင်မပြေဘူးလေ။ အဲ့ဒီတော့ model မြှင့်ဖုန်းတွေမှာ ပါတဲ့ Launcher style လေးတွေ၊ themes style လေးကိုတော့ ဘာပဲပြောပြောလေ့လာချင်ကြမှာပဲ။ ဒီဖုန်းက ဘယ်လိုလေးတွေပါတယ်၊ သူ့ဒီဇိုင်းလေးက ဘယ်လိုလေးပေါ့။ ဒါမျိုးလေးတွေကို လေ့လာကြတဲ့အခါမှာတော့ ကျွန်တော်တို့ themes တွေ၊ launcher တွေကို အသုံးပြုပြီး လေ့လာကြတာပေါ့ဗျာ။

တစ်ချို့ လူငယ်လေးတွေကျတော့လည်း model မြှင့်ဖုန်းဒီဇိုင်းလေးတွေကို ကိုယ့်ဖုန်းမှာသုံးထားတော့ ဘာပဲပြောပြော လူများနဲ့ယှဉ်ရင်ပိုပြီးလန်းတာပေါ့။ အဲ့ဒါတွေအတွက် samsung ရဲ့ product ဖြစ်တဲ့ Galaxy Note 3 Theme လေးကို version နှိမ့်ဖုန်းတွေမှာလည်းအသုံးပြုနိုင်အောင် ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။

ပါဝင်တဲ့ features တွေအနေနဲ့ကတော့ Note 3 ရဲ့ Icon ပုံစံလေးတွေကိုအသုံးပြုနိုင်တယ်။ 4 HD Note 3 Wallpaper ကိုလည်းအသုံးပြုနိုင်တယ်။ နာမည်ကြီး Themes တွေဖြစ်တဲ့ Apex theme ၊ ADW Theme တွေကိုလည်း support လုပ်ပေးနိုင်တယ်။ Launcher တွေအနေနဲ့ Nova Launcher theme , Holo Launcher ,
Holo HD Launcher တွေနဲ့လည်း တွဲဖက်အသုံးပြုနိုင်တာကိုတွေ့ရပါတယ်။

Launcher တို့တွင် အသုံးပြုနည်းများ
====================

Apex Launcher : Apex Setting > Theme settings > Galaxy Note 3 Theme ကိုရွေးပေးလိုက်ပါ။

Holo Launcher: Launcher Settings > Appearance Settings > Icon Pack > Galaxy Note 3 Theme ကိုရွေးပေးလိုက်ပါ။

Nova Launcher : Nova Setting > Look and feel > Icon Theme > Galaxy Note 3 Theme ကိုရွေးပေးလိုက်ပါ။

ADW Launcher : Home Screen မှ MENU key ကိုနှိပ်လိုက်ပါ > More > ADW setting > Themes Preferences > Galaxy Note 3 Theme ကိုရွေးပေးလိုက်ပါ။

အပေါ်မှာ ကျွန်တော်ပြထားတဲ့ Launcher တွေနဲ့ ဒီ Themes လေးကို တွဲဖက်အသုံးပြုနိုင်ပါတယ်။ ကျွန်တော်ရေးပေးထားတဲ့အတိုင်း အဆင့်ဆင့်သွားပြီးပြောင်းလဲနိုင်ပါတယ်ဗျာ။

ဒီ application လေးကို အသုံးပြုချင်တယ်ဆိုရင်တော့ Android version 2.2 နဲ့အထက်မှာ အသုံးပြုနိုင်ပါတယ်ဗျာ။





အောက်က link တွေကနေ download လုပ်နိုင်ပါတယ်။ 




အားလုံးအဆင်ပြေပါစေ.......

Aung Ko Htet
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

2 comments:

  1. မလုပ်တတ်ဘူးအကိုရေး

    ReplyDelete
  2. ဘယ်လိုလုပ်ရမလဲဗျာ ဆိုင်မှလုပ်ခိုင်းလို့ရလားဗျ
    ကူညီပါအုံး ဗွီဒီယိုလင့်လေးရှိရင်သင်ပေးပါအုံးကိုရေးးးးး

    ReplyDelete

Download link ကိုနှိပ်ပြီး နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ