Thursday, October 3, 2013

Hiren’s BootCD 15.2 အသုံးပြုနည်း , Clone ရိုက်နည်း မြန်မာလို




 
 
 
မင်္ဂလာနံနက်ခင်းပါမျာ သီးတင်းကျွတ် အကြို Hiren’s BootCD 15.2 လေးနဲ့ online ဆရာသမားများနဲ့ သင်ဆရာ မြင်ဆရာ ကြားဆရာ များကို ကန်တော့တဲ့ အနေနဲ့ ရေးလိုက်ခြင်းဖစ်ပါတယ် ခင်မျာ ဒါလေးကိုရေးဖို့ 2 ရက်အချိန်ပေးခဲ့ရပါတယ် Aung Than Oo အိုင်တီ မုဆိုး Sanlin Htet Ei Mon Cristiano Zarni နှစ်တကွ တစ်ခြားသင်ဆရာမြင်ဆရာ အားလုံးကို ဦးထိပ့်ထားပြီး ကန်တော့လိုက်ပါတယ်ခင်မျာ~~~~
Hiren’s BootCD 15.2 ဆိုတာ တစ်ကယ်ကိုအသုံးဝင်ပါတယ် Computer Service သမားတွေ တွေနဲ့ ကွန်ပျူတာ ရှိတဲ့သူတိုင်းဆောင်ထားသင့်တယ်လို့ကျွန်တော်ယူဆပါတယ်ခင်မျာ Hiren’s BootCD 15.2 ဟာ လုပ်ဆောင်ချက်တော်တော်များကို လုပ်ဆောင်နိုင်ပါတယ် အဲထဲကမှ ကျွန်တော်သိတဲ့ လုပ်ဆောင်ချက်လေးတွေ ပြောပြပါ့မယ်
၁=data များကို backup ပြုလုပ်ခြင်း
၂=window password ခြင်း ဖယ်ရှားခြင်း/password ထဲခြင်း
၃=window တက်မလာတော့ဘဲ မိမိရဲ့ data /driver တွေ backup ပြုလုပ်ခြင်း
၎=အခြား HDD တစ်ခု လုံး ချိတ်ဆက်ပြီး window တင်နိုင်သော clone ရိုက်နိုင်းခြင်းတို့ဖစ်ပါတယ်ခင်မျာ~~~~

data များကို backup ပြုလုပ်ခြင်း
Windows တင်သလို Fist Boot မှာ CD/DvD ကိုရွေးလိုက်.. Windows သမားက Mini Windows XP ကိုရွေးလိုက်ရင် Windows XP တက်လာပြီပါပီး ပီးရင် data တွေ ပြန်ရှာပြီး save နိုင်သွားပါပြီးခင်မျာ
window password  ဖယ်ရှားခြင်း
Window Password ကိုမေ့သွားတဲ့အခါ ၀င်လည်းဝင်လို့ မရ၊ ဖျက်လည်းဖျက်လို့ မရတော့လို့  Window ပြန်တင်ဖို့  စဉ်းစားနေသူများ ဟိုး ... ထားပါဦး ... Hiren's Boot CD ဆိုတာ ကျွန်တော် ပြောမှာက version 10 ပါ .... အဲဒီ အခွေဝယ်ပြီး ... စက်ထဲထည့် .. power တက်လာရင် F8 နှိပ် Boot ကို CD Rom ကို ရွေးလိုက် ... F8 မရရင်တော့ DEL နှိပ် Advanced Setting မှာ Boot Setting မှာ First Boot ကို CD Rom ပေးလိုက် .. OK ပြီဆိုရင် Boot Menu တက်လာရင် ဒုတိယ အကြောင်း Start Boot CD ကိုရွေးပါ .. ၀င်ပြီးရင် Password and Recovery Tools ကိုရွေးပါ ၊ပြီးရင် Active Password Changer ထဲဝင်လိုက်ပြီးရင် ....1 လို့ ရိုက်ပြီး Choose Logical Drive ကိုရွေးပါ ။ ပြီးရင်တော့ Window တင်ထားတဲ့ Partition ကို နံပါတ်နဲ့ ရွေးပေးလိုက်ပါ ဥပမာ C: မှာတင်ထားတယ်ဆိုရင် 0 ပေါ့ ...မှန်သွားပြီဆိုရင် SAM database ကိုပြပါလိမ့်မယ် ။ အဲဒိ ပြလာတဲ့ SAM Database ကို ENTER နှိပ်ရင် User Account တွေကိုထပ်ပြပါလိမ့်မယ် ၊ ပြပြီဆိုရင် သင်ဖျက်ပြီး ၀င်ချင်တဲ့ User Name ကို နံပါတ်နဲ့ ရွေးပြီး Enter နှိပ် ၊ပြီးရင် Y တစ်ချက်နှိပ်လိုက်ရင် ရပါပြီ ။ ပေးထားတဲ့ Password ပျက်သွားပါပြီခင် ဒီလောက်ဆို နားလို့ ကျွန်တော်ထင်ပါတယ်

window တက်မလာတော့ဘဲ မိမိရဲ့ data /driver တွေ backup ပြုလုပ်ခြင်း/clone ရိုက်နည်း
နောက် windows မတက်တော့ရင် data backup ကို hirens boot CD နဲ့ လုပ်တယ် Mini Xp နဲ့ တက်ပြီး data ဆယ်တယ်။ CD drive နဲ့ boot တက်လိုက်ပါ ဘယ်လိုလုပ်ရမလဲဆိုတော့ Desktop ဆိုရင် power ဖွင့်ပြီးတာနဲ့ del key ကို နှိပ်ထား laptop ဆိုရင် စက်စတက်တာနဲ့ scree ရဲ့ ညာဘက်ထောင့် မှာ Enter boot menu or Setup လို့ ရေးထားတဲ့ စာရဲ့ နားမှာ နှိပ်ဖို့ key ပြထားတယ် eg. Del or F2 ကြည့် ပြီးနှိပ်လိုက်ပါ။ ကိုယ့် BIOS ပေါ်မူတည်ပြီး ပုံစံ တွေတူမှာ မဟုတ်ဘူး ဒါပေမယ့် ကျွန်တော်တို့ အဓိကရှာရမှာက First Boot device or Boot option တစ်ခုချင်းသာ ၀င်ရှာတော့ဗျာ Bios ကိုမူတည်ပြီး tab name တွေက မတူဘူး။ တစ်ချို့ က Advance Bios Setup ထဲမှာ တစ်ချို့ က Boot menu ထဲမှာ ရှာသာကြည့်ဗျာ။ F8 နှိပ်ပြီးရွေးလို့လည်းရတယ် ဒါပေမယ့် တစ်ခါတစ်လေ အဲဒီအထဲကိုမရောက်တတ်ဘူး အထူးသဖြင့် Laptop တွေမှာသူက သီးခြားခလုပ်ရှိတယ်။First Boot Device တွေ့ရင် အောက်ဘက်မှာ ပြောင်းလည်းမှု့ လုပ်ချင်ရင် ဘာခလုတ်ဆိုတာရှိတယ် ဒါလည်းမတူတတ်ဘူး အဲ့ဒီခလုတ်အတိုင်းနှိပ် eg. Page up, Page down or F5, F6 or Enter & up and down arrow ပြောထားတဲ့ အတိုင်းလုပ်ကြည့်ဗျာ။ First Boot device ကို CD drive ဖြစ်အောင် change ပေး ပြီးရင် F10, Yes နဲ့ restart ချ။ အခွေထည့် ပြီး စောင့်နေ CD နဲ့ တက်လာလိမ့်မယ် အဲ့ဒီမှာ ရွေးရမယ် အဲ့ဒီမှာ mini widows xp ဆိုတဲ့ နေရာကို down arrow နဲ့သွား Enter ခေါက် တက်လာရင် windows အတိုင်းဘဲ C: ထဲသွား ကိုယ့် data တွေကိုရှာ ကျွန်တော်တို့ အဓိကရှာတာက Desktop/My Document and File eg.photo, word, excel, pdf customer ပေါ်မူတည်ပြီးရှာရတယ် တစ်ခါတစ်လေ mail backup လုပ်ရတယ်နိုင်ပါတယ်ခင်မျာ ပီးလုပ် ကိုယ်လုပ်ဆောင်ချင်တာကို လုပ်ဆောင်နိုင်ပါပြီး windows အခွေထည့် ပြီး windows တင်နိုင်ပါပြီတစ်ခါတစ်လေ Data အရမ်းကို အရေးကြီးရင် ghost ကိုသုံးပြီး clone ရိုက်တယ် ghost ကို ဒီCD ထဲမှာဘဲ အပေါ်မှာတုံးက mini windows xp ကိုရွေးတယ်နော် ဒီမှာ တော့ boot form CD ကိုရွေး backup ထဲသွား ghost ထဲသွား ghost normal ကိုရွေး Enter ခေါက်လိုက်ပါ အဆင်ပြေသွားပါလိမ့်မယ်

Clone ရိုက်နည်း
Ghost ကိုသုံးတဲ့အခါ သတိထားရမယ့် အချက်တွေက မှားပြီး clone လုပ်မိရင် Data တွေတော့ အကုန်ဘဲ သိပ်လည်းမစိုးရိမ်ပါနဲ့ အဲ့ဒီလိုမဖြစ်ရအောင် 1. New HD ကို secondary ထား SATA ဆိုရင် တော့ဗျာ SATA 2 ပေါ့ မူရင်း HD က SATA 1 ထားရမယ်။ ဒါမှ ပြရင် အစဉ်အတိုင်းပြမယ် နောက် ကူးထည့်မယ် HD က partition Delete လုပ်ထားရင်ပိုကောင်းတယ် ရွေးစရာမလိုဘူး ပထမဆုံး source device ကိုရွေးပေးရမယ် ကိုယ့်မူရင်း HD ကိုရွေးပေးလိုက် Destination ကိုရွေးတဲ့ နေရာရောက်မယ် အဲဒီမှာ ကိုယ်က HD ကို အပေါ်က ပြောထားသလို SATA 2မှာထားခဲ့ရင် သူက အော်တို destination နေရာကိုရောက်နေမယ်။ သူ့ကိုရွေးပြီး Enter ခေါက် confirm မေးရင် continue ကိုရွေး ပေး။ သူဟာသူ အော်တို clone လုပ်မယ် ပြီးရင် restart ချပြီး စက်ပါပိတ်လိုက်။ ကိုယ့် HD အတိုင်းနောက်တစ်လုံးရပြီ မူရင်းကို ကြိုက်သလိုလုပ်ပြီး data ကို clone HD ထဲက ပြန်သွင်းရင်ရပါပြီးခင်မျာအဆင်ပြေပါစေ ဒီလောက်ဆိုရင်Hiren’s BootCD ကို ကြိုက်နှစ်သက်နေပြီးလို့ထင်ပါတယ်ခင်မျာ လိုချင်သပါ့ဆိုရင်တော့ ဒီလင့်မှာသွားရောက်ဒေါင်းနိုင်ပါတယ် ခင်မျာ
 
 
ဖိုင်ဆိုက်ကတော့ 592MB ရှိပါတယ်ခင်မျာ ကျွန်တော်တက်သလောက်ဖတ်သလောက်မှတ်သလောက်ရေချပြခြင်းဖစ်ပါတယ်အမှားပါရင်နား
လည်ပေးစေချင်ပါတယ် (ဒါမှမဟုတ်ဒေါင်းရတာ အဆင်မပြေဘူးဆိုရင် rar ခွဲပြီး တင်ပေးပါ့မယ်)
ကျွန်တော်ရေးတာလေးစာအုပ်အနေနဲ့ သိမ်းထားချင်ရင်တော့ ဒီမှာ ဒေါင်းလိုက်ပါ 
 
 
အားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
 
 
AC Vs DC
 
 
 
 
 
 

0 comments:

Post a Comment

Download link ကိုနှိပ်ပြီး နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ